跳到主要內容區塊

僑務電子報

:::

僑委會童振源委員長關懷緬甸僑生談話

2021-04-13
本報訊
分享
分享至Facebook 分享至Line 分享至twitter
僑委會童振源委員長關懷緬甸僑生談話
僑委會童振源委員長關懷緬甸僑生談話
 
親愛的在臺灣念書緬甸僑生同學,你們好:

近日緬甸國內局勢動盪,新聞媒體持續報導各項令人傷心的消息,在臺灣求學的你們,一定對家鄉情況都非常的關心也很擔心,相信大家都跟本人一樣期待緬甸能儘速恢復以往民主政治狀態,讓緬甸人民可以安心的生活。

為照顧在臺就學僑生,本人接任僑務委員會委員長以來,運用新科技與模式,提升國內僑生聯繫工作效率,並推行完善僑生輔導措施,提供各項獎助學金、工讀金及學習扶助金、醫療急難救助、僑保及清寒僑生健保補助、各大專院校春節祭祖餐會補助、僑生社團補助及辦理全國僑生幹部研習會外,並舉辦活潑多元的僑生競賽供同學參與及一展長才,包含「僑生鄧麗君金曲歌唱比賽」、「三對三鬥牛比賽」、「僑生舞蹈比賽」、「僑生直播主競賽」、「僑生翻譯比賽」等,今年更將首度辦理「僑生電競大賽」及「擴大辦理全球僑生華語歌唱比賽」等活動,透過這些活動平臺,同學不僅可以結識志同道合的好友、創造人脈連結,亦可盡情發揮在臺所學。

畢業輔導方面,僑委會除了希冀僑生學有所成後返回僑居地發展外,也非常鼓勵僑生畢業後透過「評點制」留在臺灣工作;本人上任後運用新科技與模式成立「全球僑臺商人才平臺」,於109年12月29日正式啟用,提供僑生「學生實習」、「求職精靈」、「個人品牌」、「履歷診療室」及「職涯診所」等5大服務,為僑臺商及僑生建立通暢的媒合管道,提供僑臺商選才、僑生實習及求職服務。另為協助有志創業的畢業僑生提供創業貸款信用保證,僑委會協調海外信用保證基金,依據「畢業僑生留臺創業貸款專案信用保證要點」,提供最高新臺幣1,200萬元之留臺創業貸款額度保證;如返回僑居地創業者,亦可依海外信用保證金相關要點提出申請,貸款額度最高可達200萬美元。

僑生輔導工作是24小時無間斷的服務導向工作,對於來自緬甸的你們來說,現在更需要關懷及照護,本會目前已成立北、中、南及東區僑輔主管及全國僑生社團幹部Line群組,提供在臺僑生與僑委會直接聯繫溝通管道,本會將持續與全國各大專校院、教育部等相關部會共同合作,提供最新即時資訊,並運用民間資源提供緬甸僑生所需協助,讓緬甸在學僑生安心學習,也讓海外家長放心。最後,讓我們一同集氣,期盼緬甸局勢早日轉好,緬甸人民都平安健康,也祝福世界和平,全球人民安定幸福!
 
 
 
 

ထိုင်ဝမ်ပြည်ပတရုတ်မျိုးနွယ်ရေးရာဝန်ကြီး Chen-Yuan Tung မှ ထိုင်ဝမ်ရှိမြန်မာကျောင်းသူ/သား များကို အားပေးစကားပြောကြားခြင်း

ထိုင်ဝမ်၌ပညာသင်ယူနေသည့် ချစ်ခင်ရပါသော မြန်မာကျောင်းသူ/သားများအားလုံး မင်္ဂလာပါ။

လက်ရှိမြန်မာနိုင်ငံပြည်တွင်း၌ မတည်ငြိမ်မှုများဖြစ်ပွားနေပြီး သတင်းမီဒီယာများသည်လည်း မြန်မာပြည်၏ ဝမ်းနည်းဖွယ်ရာသတင်းများကို အဆက်မပြတ်တင်ဆက်နေ၍ ထိုင်ဝမ်တွင် ပညာ သင်ယူနေကြသော မြန်မာကျောင်းသူ/သားများအနေဖြင့် ကိုယ့်အမိမြေဖြစ်ပွားနေသော အခြေအနေ ကိုစိတ်ပူပြီးစိုးရိမ်ပူပန်နေရမယ်လို့ယုံကြည်ပါသည်။ ကျွန်ုပ်နှင့်အတူ အားလုံးလည်း မြန်မာပြည်သူ များ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရန် မြန်မာနိုင်ငံလျင်မြန်စွာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ မျှော်လင့် နေမည်ကို ယုံကြည်ပါသည်။

ထိုင်ဝမ်တွင် ပညာသင်ယူနေသော ကျောင်းသူ/သားများကို စောင့်ရှောက်ရန်အတွက် ကျွန်ုပ် ထိုင်ဝမ်ပြည်ပတရုတ်မျိုးနွယ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်ကစ၍ ခေတ်မှီနည်းပညာ နှင့်စနစ်များကို အသုံးပြုပြီး ထိုင်ဝမ်သို့ ပညာဆည်းပူးသောကျောင်းသူ/သားများကို ထိရောက်သော ဆက်သွယ်မှုလုပ်ငန်များ မြှင့်တင်နိုင်ခဲ့ပြီး၊ ကျောင်းသူ/သားများကို ပြီးပြည့်စုံသော စောင့်ရှောက်မှု အစီအမံများဖြစ်သည့် ပညာသင်ဆု၊ အလုပ်ထောက်ပံ့ငွေနှင့် ပညာသင်ယူမှု ထောက်ပံ့ငွေများပေး ခြင်း၊ ဆေးဝါးစောင့်ရှောက်မှုအရေးပေါ်ကူညီခြင်း၊ လိုအပ်သော ကျောင်းသူ/သားများကို အာမခံ ကြေးနှင့် ကျန်မာရေးအာမခံကြေးကို ထောက်ပံ့ပေးခြင်း၊ တက္ကသိုလ်အသီးသီးမှ ကျင်းပသော တရုတ်နှစ်သစ်ရိုးရာကန်တော့ မိတ်ဆုံစားပွဲကို ထောက်ပံ့ပေးခြင်း၊ ကျောင်းသူ/သားအဖွဲ့အစည်းများ အား ထောက်ပံ့ပေးခြင်းနှင့် ကျောင်းသူ/သားအဖွဲ့အစည်းများအား သင်တန်းပို့ချခြင်းများကို ပြုလုပ် ပေးခဲ့ပါသည်။ ထို့အပြင် ကျောင်းသူ/သားများအတွက် တိန်လီကျင်းအမှတ်တရသီချင်းဆိုပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ Live Show ပြိုင်ပွဲ၊ ဘာသာပြန်ပြိုင်ပွဲများ ကျင်းပပေးသည့် အပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ် ဂိမ်းပြိုင်ပွဲနှင့် တရုတ်သီချင်းပြိုင်ပွဲကိုကျင်းပခဲ့သောကြောင့် ကျောင်းသူ/သားများ၏ စွမ်းရည်များကို ထုတ်ဖော်ပြသခွင့် ရခဲ့ပါသည်။ ဤလှုပ်ရှားမှု ပလက်ဖောင်း များမှတဆင့် ကျောင်းသူ/သားများသည် စိတ်တူကိုယ်တူသော သူငယ်ချင်းများရရှိနိုင်ခြင်း၊ မိတ်ဆွေ သူငယ်ချင်းများ တိုးပွားလာရုံသာမက ထိုင်ဝမ်၌ လေ့လာသင်ယူမှုများကို အပြည့်အဝ အသုံးချနိုင်ပါ သည်။

ဘွဲ့ရသူများကိုစောင့်ရှောက်သည့်အပိုင်း ပြောရလျှင် အောင်မြင်စွာ ပညာဆည်းပူးပြီးသော ကျောင်းသူ/သားအနေဖြင့် ကိုယ့်အမိမြေကိုပြန်၍ တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်နိုင် သည့်အပြင်၊ ဘွဲ့ရပြီးသော ကျောင်းသူ/သားများအနေဖြင့် သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်း များဖြင့် ကိုက်ညီပါက ထိုင်ဝမ်တွင် အလုပ်လုပ်ကိုင်ခြင်းကိုလည်း မိမိတို့ဝန်ကြီးဌာနမှ တိုက်တွန်းပါ သည်။ ကျွန်ုပ် တာဝန်ထမ်းဆောင်ချိန်ကစ၍ ခေတ်မှီနည်းပညာ နှင့်စနစ်များကို အသုံးပြုပြီး “ကမ္ဘာလုံးဆိုင်ရာ ထိုင်ဝမ်ကုန်သည်များ လူသားအရင်းအမြစ် ပလက်ဖောင်း” ကိုတည်ထောင်ခဲ့၍ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စတင်အသုံးပြုခဲ့ကာ ကျောင်းသူ/သားများအတွက် အလုပ် သင်ကဏ္ဍ၊ အလုပ်ရှာဖွေခြင်းကဏ္ဍ၊ မိမိကိုယ်ကိုယ်မိတ်ဆက်နည်းကဏ္ဍ၊ ကိုယ်ရေးအကျဥ်းရေး သားနည်းကဏ္ဍ၊ အသက်မွေးဝမ်ကျောင်းဆိုင်ရာကဏ္ဍ စသည့် ၅ ကဏ္ဍဖြင့် ဝန်ဆောင်မှုပေးနေပါ သည်။ ၎င်းပလက်ဖောင်းသည် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျောင်းသူ/သားများကို ကောင်းမွန်သော မိတ်ဆက်ပေးခြင်းဖြစ်၍ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများ ရွေးချယ်နိုင်ခြင်း၊ ကျောင်းသူ/သားအနေဖြင့် အလုပ်သင်နှင့် အလုပ်ရှာဖွေခြင်းစသည့် ဝန်ဆောင်မှု များ ရရှိမည် ဖြစ်ပါသည်။ ထို့အပြင် ဘွဲ့ရကျောင်းသူ/သားများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်တည်ထောင်ချင်ပြီး ရင်းနှီးငွေလိုအပ်ပါက ချေးငွေအာမခံကိုလည်း ကူညီဆောင်ရွက်ပေးပါ သည်။ ကျွန်ုပ်တို့၏ ဝန်ကြီးဌာနမှ ပြည်ပချေးငွေအားမခံဖောင်ဒေးရှင်းနှင့်ညှိနှိုင်းပြီး ဘွဲ့ရကျောင်းသူ/ သားများထိုင်ဝမ်တွင်စီးပွားရေးတည်ထောင်ရန် ချေးငွေအာမခံပေးသည့်စီမံကိန်းသတ်မှတ်ချက်အရ ထိုင်ဝမ်တွင်စီးပွားရေးတည်ထောင်ရန်လုပ်ငန်းတစ်ခုအနေဖြင့် ချေးငွေအတွက်အများဆုံး ထိုင်ဝမ် ဒေါ်လာ သိန်း၁၂၀ အာမခံချက်ပေး၍၊ ကိုယ့်အမိမြေကိုပြန်ပြီး ကိုယ်ပိုင်စီးပွားရေးထောင်သူများ အနေဖြင့် ပြည်ပချေးငွေအာမခံဖောင်ဒေးရှင်း၏သက်ဆိုင်ရာ သတ်မှတ်ချက်နှင့်အညီ လျောက်ထား နိုင်ကာ ချေးငွေပမာဏအမြင့်ဆုံးမှာ အမေရိကန်ဒေါ်လာ သိန်း၂၀ ဖြစ်ပါသည်။

ကျောင်းသူ/သားများအတွက် စောင့်ရှောက်သည့်လုပ်ငန်းသည် မပြတ်မတောက် ၂၄ နာရီ ဝန် ဆောင်မှုပေးသော လုပ်ငန်းဖြစ်ရာ၊ မြန်မာပြည်မှာလာရောက်ပညာဆည်းပူးနေသော ကျောင်းသူ/ သားများကို ယခုအချိန်အခါတွင် ပိုမို၍ ဂရုစိုက် စောင့်ရှောက်ရမည် ဖြစ်ပါသည်။ ယခုလက်ရှိတွင် ကျွန်ုပ်တို့ဝန်ကြီးဌာနမှ ထိုင်ဝမ်၏ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ တွင်ရှိသော တာဝန်ရှိဆရာ၊ဆရာမများနှင့် တစ်နိုင်ငံလုံးရှိ ကျောင်းသားအဖွဲ့အစည်းများအတွက် Line အုပ်စုကိုဖွဲ့စည်းထားပေးပါသည်။ ထို့ကြောင့် ၎င်းကိုအသုံးပြု၍ ထိုင်ဝမ်တွင်ရှိသော ကျောင်းသူ/ သားများအနေဖြင့် ကျွန်ုပ်တို့ဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းများနှင့် ပညာရေးဝန်ကြီးဌာနစသည့် သက်ဆိုင်ရာဌာန များဖြင့် ပူးပေါင်းပြီး အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကို ကြေညာခြင်းအပြင် ပုဂ္ဂလိကကဏ္ဍအရင်းအမြစ်များကို အသုံးပြုပြီး ထိုင်ဝမ်ရောက် မြန်မာကျောင်းသူ/သားများကို ကူညီစောက်ရှောက်သွားမည်ဖြစ်၍ ကျောင်းသူ/သားများလည်း စိတ်အေးချမ်းစွာ ပညာသင်ယူနိုင် ကာ မြန်မာပြည်တွင်နေထိုင်သော မိဘလည်း စိတ်အပူအပင်ကင်းမည် ဖြစ်ပါသည်။ နောက်ဆုံး အနေဖြင့်ကျွန်ုပ်တို့အတူတကွ မြန်မာပြည် လျင်မြန်စွာ ငြိမ်းချမ်းတည်ငြိမ်ပါစေဟု မျှော်လင့်ရင် မြန်မာပြည်သူပြည်သားများ ကျန်းမာပါစေ၊ ငြိမ်းချမ်းပါစေ၊ ကမ္ဘာကြီးလည်းငြိမ်းချမ်းပါစေ၊ ကမ္ဘာ့လူသားများအားလုံး နှလုံးစိတ်ဝမ်းအေးငြိမ်းကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

相關新聞

top